ဘေဘီလေးတွေကို ဘာကြောင့် လေ့ကျင့်ခန်း လုပ်ခိုင်းသင့်တာလဲ
လေ့ကျင့်ခန်း လုပ်တယ်လို့ ဆိုလိုက်ရင် လူကြီးတွေ ကျန်းမာအောင် လေ့ကျင့်ခန်း လုပ်တယ်လို့ပဲ ပြေးမြင်ကြမှာပါ။ တကယ်ကတော့ အရွယ်သုံးပါး စလုံး လေ့ကျင့်ခန်း လုပ်ဖို့ လိုပါတယ်။ ကလေးလေးတွေလည်း အသက်ငယ်နေပါစေ လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ ဒါမှ ကျန်းမာပြီး ထက်မြက်တဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်း အရွယ်ရောက်လာမှာပါ။
ကလေးငယ်ငယ် လေ့ကျင့်ခန်း လုပ်ပေးမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရမလဲဆိုတာ သိချင်နေပြီလား? စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်ပါ။
နှလုံးကျန်းမာစေတယ်
လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်က ကြွက်သားတွေကို သန်မာစေသလို ကြွက်သားတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ နှလုံးကိုလည်း ကျန်းမာစေပါတယ်။
သွေးကြောတွေထဲက အဆီတွေကိုဖယ်ရှားပေးတယ်
လေ့ကျင့်ခန်း လုပ်ပေးတာက သွေးတွင်းအဆီတွေကို ဖယ်ရှားပေးပြီး သွေးကြောတွေ ပြေလျော့စေပါတယ်။ သွေးမတိုးအောင် ကာကွယ်ပေးသလို နှလုံးရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ရာရောက်ပါတယ်။
အဆုတ် ကျန်းမာစေတယ်
လေ့ကျင့်ခန်း လုပ်တာက အဆုတ်ထဲကို အောက်ဆီဂျင်တွေ ပိုမိုရောက်ရှိစေပြီး အဆုတ် ကျန်းမာစေဖို့ နဲ့ ရောဂါပိုးတွေ မဝင်ရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ် ကျဆင်းစေတယ်
လေ့ကျင့်ခန်း လုပ်တာက သွေးတွင်း သကြားဓာတ်ကို ကျဆင်းစေပြီး ဆီးချို မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ကိုယ်အလေးချိန် ထိန်းပေးတယ်
ကလေးကို အဝလွန်တာမျိုး မဖြစ်စေချင်ရင် လေ့ကျင့်ခန်း မှန်မှန် လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ကိုယ်အလေးချိန်ကို ကျန်းမာတဲ့ ကိုယ်အလေးချိန် ဖြစ်စေဖို့ ထောက်ကူပေးမှာပါ။
အရိုးတွေ သန်မာစေတယ်
အရိုးတွေ သန်မာစေဖို့နဲ့ အရိုးသိပ်သည်းဆ ကောင်းစေဖို့ လေ့ကျင့်ခန်း လုပ်ပေးတာက ထိရောက်တဲ့ နည်းလမ်း တစ်ခုပါ။
ကင်ဆာ ကာကွယ်ပေးတယ်
လေ့ကျင့်ခန်း ပုံမှန်လုပ်တာက အရွယ်ရလာချိန်မှာ ကင်ဆာမဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။
သွေးတိုး ကာကွယ်ပေးတယ်
သွေးတိုးရောဂါ မဖြစ်စေဖို့ဆိုရင် အကောင်းဆုံး နည်းလမ်းက လေ့ကျင့်ခန်း မှန်မှန် လုပ်ပေးတာပါ။
အားရှိစေတယ်
ကလေးကို လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာက ကလေးကို အားရှိစေဖို့ အမြဲ အားပြည့်နေစေဖို့ ထောက်ကူပေးနိုင်မှာပါ။
စိတ်ခံစားမှု ကောင်းစေတယ်
လေ့ကျင့်ခန်း လုပ်တာက ကလေးကို စိတ်ဓာတတ်ကျတာမျိုး စိတ်ဖိစီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ဒီလို အကျိုးကျေးဇူးတွေ ရရှိစေဖို့ ကလေးကို လေ့ကျင့်ခန်း တစ်နေ့ကို ၁၅ မိနစ်လောက် ပုံမှန်လေး လုပ်ပေးပါ။ ပြေးပြေးလွှားလွှား ကစားတာလည်း လေ့ကျင့်ခန်းပါပဲ။
မွန်မွန်